Friday, March 22, 2013

Flame of Love - Chapter 6


Chapter – 6

သံသာ~~

ဆေးရုံက ပြန်လာပြီးကတည်းက သံသာ့စိတ်တွေမှာ ယုငယ်ရဲ့ အရိပ်တွေဖုံးလွှမ်းထားတယ်..
စားလဲ ယုငယ်
သွားလဲ ယုငယ်
ညအိပ်ချိန် အိပ်မက်ထဲထိပါ ယုငယ်~~
သူမရဲ့ ရှည်သွယ်သောအရပ်နဲ့ ဆွဲဆောင်မှုရှိတဲ့ ဆံနွယ်ကောက်ကောက်တွေ…
ပြည့်မောက်သောရင်အစုံနဲ့ ချောမွတ်နေသော နို.နှစ်ရောင်အသားအရေ..
Photo Model လုပ်တယ်ဆိုတာ ငြင်းစရာမလိုလောက်အောင် Model တစ်ယောက်မှာ ရှိသင့်သော် အရည်အချင်းတွေ သူမခန္ဓာကိုယ်မှာ ရှိနေသည်…
သူမရဲ့ စကားပြောဟန် လှုပ်ရှားမှုတွေက ဗီဒီယိုပြကွက်တစ်ခုလို သံသာ့အတွေးအာရုံထဲမှာ တစ်ကွက်ချင်းမြင်ယောင်နေတာ…
ဘယ်လိုလုပ်ရပါ့..                                                   
မမတေးနုယဉ်နဲ့ စိုးနွယ်တို. ချစ်သူဖြစ်တော့ မိသားစုထဲမှာ အချို.တွေ အငြင်းပွားကြချိန် သံသာက နားလည်ပေးခဲ့ပေမယ့်၊ ကိုယ်တိုင်တော့ မိန်းကလေးတစ်ယောက်ကို ချစ်မိဖို.ဆိုတာ အိပ်မက်တောင်မမက်ဖူးခဲ့..
အခုတော့ … ယုငယ်ဆိုတဲ့ နတ်ဘုရားမလေးက သံသာ့နှလုံးသားကို အပိုင်သိမ်းသွားပြီ….

Xxxxxxxxxxxxxxxxxxx xxxxxxxxxx

ခိုင်~~

မနက်၈း၀၀…

ဒီအချိန်ရောက်ဖို.ကို ညကတည်းက မအိပ်ဘဲစောင့်နေခဲ့တာ...
Body Fit T-shirt အဖြူပေါ် ကာကီရောင်ခါးတို ဂျက်ကတ်ကိုထပ်ဝတ်ပြီး၊ Skinny ဂျင်းဘောင်းဘီရှည်နက်ပြာရောင်၊ ဝေါ့ကင်းရှူး အနက်ရောင်ကို ကောက်စွပ်လိုက်သည်။
ပတ်နေကျ နဲနဲဟောင်းနေပြီဖြစ်သော သားရေခါးပတ်အညိုကို ခါးမှာ ပတ်ပြီးချိန်မှာတော့ ဆေးရုံသွားဖို. အဆင်သင့်ဖြစ်နေခဲ့ပြီ။

“La Da Da Di Da ~~ Da Da Da” စာသားမပါသော သံစဉ်အချို.ကို ဘာရယ်မဟုတ်ကောက်ဆိုပြီး၊ သော့ကိုယူပြီး အိမ်အပြင်ထွက်သည်…

ရင်ထဲမှာ ပျော်နေတာ…. Snow White လေးကို တွေ.ရတော့မယ်…..
မျိုးကို ချစ်သည်ဆိုတာ သေချာနေဆဲပေမယ့်.. ဆေးရုံပေါ်က ကောင်မလေးကို တွေ.ရမယ်ဆိုတော့လဲ ရင်ခုန်နေတာကို ဖျောက်ဖျက်ပစ်လို.မရ…


အောက်ထပ်က ပန်းဆိုင်မှာ မနေ့ကတည်းက မှာထားသော နှင်းဆီအဖြူလေးများနှင့်လုပ်ထားသော ပန်းစည်းလေးကိုဝင်ယူသည်…
“ခိုင် ဒီနေ့ အရမ်းပျော်နေပုံဘဲ..ဘာတွေထူးလဲ” ဆိုင်ရှင်ဦးလေးကြီးကတောင် လှမ်းမေးသည်..
ခပ်ကြီးကြီးအပြုံးတစ်ခုကို ပြုံးပြရင်း ခေါင်းကိုခါယမ်းကာ “ဒီတိုင်းပါဘဲ.. ဘာမှ ထွေထွေထူးထူးမရှိပါဘူး.. မနေ့ညက အိပ်ရေးဝလို.ဖြစ်မယ်..”
“ညက မျိုးကို အိပ်မက်မမက်ဘူးပေါ့..” ဆိုင်ရှင်ဦးလေးကြီးကပြန်မေးသည်…

မျိုးကို အိပ်မက်မက်ပြီး ညညကောင်းကောင်းအိပ်မပျော်တတ်တာ ဒီကန်ထရိုက်တိုက်က မိသားစုအားလုံးသိပြီးသား….
မျိုးနှင့် ခိုင်ဆိုတဲ့ ကောင်မလေး၂ယောက် ဒီတိုက်ခန်းလေးမှာ အခြေချခဲ့ကြတာ တစ်ရက် နှစ်ရက်မှ မဟုတ်ခဲ့ဘဲလေ…
အောက်ဆုံးထပ်က ပန်းဆိုင်မှာ မျိုးအတွက် မရိုးနိုင်သော ပန်းအိုးလေးတွေ လခထုတ်တိုင်း ၀ယ်တတ်ခဲ့ကြသလို၊ ကျန်းမာရေးချူချာတတ်သော မျိုးအတွက် အဖော်ဖြစ်ခဲ့သော ဒုတိယထပ်က ဆေးခန်းလေး ဆရာဝန်မလေးက မျိုးမရှိချိန်မှာ စိတ်ဝေဒနာသည် ခိုင့်အတွက် အားကိုးတိုင်ပင်ဖော်ဖြစ်ခဲ့တာ..
ပထမထပ်တိုက်ခန်းက အဖိုးနဲ့ အဖွားက အမြဲလိုလို အရိပ်တကြည့်ကြည့်နဲ့ အထီးကျန် ခိုင်တစ်ယောက် ထမင်းမှ စားရဲ့လားလို. တဖွဖွမေးတတ်သည်…
ဒါကြောင့်လဲ မျိုးမရှိတော့ချိန်မှာ.. တူတူနေခဲ့တဲ့ နေရာလေးက ဒဏ်ရာတွေပေးပေမယ့်… နွေးထွေးတဲ့ မိသားစုလေးတွေကြောင့် ဆက်နေဖြစ်ခဲ့သည်လေ….

ခေါင်းကို ခပ်ဖြေးဖြေးခါယမ်းရင်း အတွေးတွေကို ခေါင်းထဲက ထုတ်ဖို.ကြိုးစားသည်…

“Sorry ခိုင်… အန်ကယ် စကားမှားသွားတယ်… မနက်စောစော သမီး ပျော်နေတာကို စိတ်ညစ်အောင်လုပ်မိပြန်ပြီ…”
ဆိုင်ရှင်ဦးလေးက တောင်းပန်စကားပြောတော့…
“အာ.. ရတယ် အန်ကယ်.. တောင်းပန်စရာမလိုပါဘူး… ခိုင်က အဲလိုဘဲ မျိုးနဲ့ ပတ်သက်ရင် စိတ်နုနေတုန်း… ခုတော့ ချိန်းထားတာလေးရှိလို. သွားတော့မယ်..”
“အေး..အေး.. သွားစရာရှိတာသွား… မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေကွယ်… “
ခေါင်းကို ငြိမ့်ပြနှုတ်ဆက်ရင်း ပန်းစည်းလေးကို ယူကာ ဘတ်စ်ကားဂိတ်ကို ထွက်လာခဲ့သည်…
ရင်ထဲမှာတော့ ခိုင်ဘာလို. ညကမျိုးကို အိပ်မက်မမက်လဲဆိုတာ ကိုယ့်ကိုယ်ကို မကျေမနပ်ဖြစ်မိသည်…
သူမ မျိုးအပေါ် သစ္စာဖောက်မိပြီလား….
.
.
.
Xxxx xxxxxxxxxxxxxxxx

ယုငယ်..

မနက် ၈း၀၀

Phone Ring:  ~~“Baby I love you and I never let you go….”~~
“ဟဲလို” ယုငယ် အိပ်ချင်မူးတူးနဲ့ ဘယ်သူဆက်လဲ မကြည့်ဘဲ ဖုန်းကိုဖြေဖြစ်သည်….
“ငယ်… အိပ်နေတုန်းလား..”
“မိုး… “ ချစ်သူနာမည်ကို ရေရွတ်မိသည်… ဟုတ်တာပေါ့ မနေ့ညက မကြီးကိစ္စနဲ့ ရှုပ်ပြီး ချစ်သူကို ဒီနေ့မနက် ဖုန်းမခေါ်ဖြစ်တာ… သူမစိတ်ဆိုးနေပြီထင်တယ်…
“မိုး… အိပ်သေးဘူးလား.. ဆောရီးပါ ကလေးရယ်.. မနေ့က မကြီးဆေးရုံတတ်နေရလို. ငယ်အလုပ်တွေရှုပ်ပြီး ဒီနေ့မနက် စောစောမထဖြစ်ဘဲ မိုးကို ဖုန်းမဆက်ဖြစ်တာ..”
မိုးက ညကလပ်မှာ အလုပ်လုပ်တာဆိုတော့ သူမရဲ့ ဂျူတီချိန်က ညနေ၆နာရီကနေ မနက် ၃နာ၇ီထိ…. အိပ်ယာစောစောထတတ်သော ယုငယ်နှင့် သူမအလုပ်ပြန်ချိန် မနက် ၅နာရီ - ၆နာရီလောက်မှာ ပုံမှန်ဖုန်းပြောတတ်ကြပြီး၊ ယုငယ်သီချင်းဆိုသိပ်မှ အိပ်တတ်သော အချစ်ရဆုံး ချစ်သူကောင်မလေး…
“ဟယ်… မကြီးဘာဖြစ်တာလဲ ငယ်… မိုးက ငယ်ဖုန်းဆက်မလားလို.စောင့်နေတာ..”
“မကြီးကိစ္စ ညနေကျမှ ပြောပြမယ်.. ခုလောလောဆယ် မိုး အိပ်လိုက်ဦး.. ဟာကွာ.. ကိုယ်တော်တော် အသုံးမကျတာဘဲ… ကိုယ့်ချစ်သူလေးတော့ အိပ်ရေးဝတော့မှာ မဟုတ်ဘူး… ခဏစောင့် ကိုယ် ဂစ်တာသွားယူမယ်….” ဖုန်းကို Speaker ဖွင့်ထားကာ နံရံမှာ ထောင်ထားသော ဂစ်တာလေးကို ပြေးယူသည်…
ဂစ်တာပေါ်မှာ ကပ်ထားသော မိုးရဲ့ချစ်စဖွယ်ဓာတ်ပုံလေးကို ဖွဖွနမ်းပြီး…
“မိုး… Morning Kisss…” ဖုန်းထဲကနေ လှမ်းပြောတော့…
“ဟိဟိ… ညစ်ပတ် .. မျက်နှာလဲ သစ်ရသေးဘဲနဲ့…” မိုးက ပြန်စသည်…
“ဟူး… လွမ်းလိုက်တာ မိုးရယ်…” အားမလို အားမရပြောဖြစ်သည်…
“တော်ပါ… ဖုန်းဆက်ဖို.ကျမေ့နေပြီးတော့…”
“…………………..” ယုငယ်မှာ ပြန်ပြောစရာမရှိ…. တကယ် စိတ်မကောင်းမိ…
“ငယ်.. စိတ်မကောင်းမဖြစ်နဲ့နော်… မိုး နက်ဖန်ကျရင် အလုပ်ပိတ်တယ်.. ငယ် လာအိပ်မှာလား…”
“တကယ်… လာမှာပေါ့… ချစ်သူလေးက တစ်ပတ်မှာ တစ်ရက်ထဲနားတာ.. လာတွေ.မှ ဖြစ်မှာပေါ့..”
“အိုကေ.. ဒါဆို သီချင်းဆိုတော့.. မိုး အိပ်ချင်ပြီ…”
“မမလေး သဘောတော်အတိုင်းပါဘုရာ့….” ယုငယ်က ပြောင်ချော်ချော်ပြောရင်း… ဂစ်တာကြိုးကို စညှိပြီး သီချင်းစဆိုသည်…
~~It’s the first time …. I felt that time has stopped
Ain’t no reason, I think I am in love
If it’s not you….. I can’t see anything ooh girl…..
only one step
                                                             Oh.. baby come to me     

When I think of you about several times a day without knowing, love love love
 I can’t say it and there’s no time, if only I have you (alright)

I know You know? love me
You know I know. kiss me
When today passes, it’s the end~~~

မိုးဘက်က အသံတွေငြိမ်သွားတော့မှ ဖုန်းကို အသာလေးပိတ်ကာ မျက်နှာသစ်ဖို. ထွက်လာခဲ့သည်… ရင်ထဲမှာတော့ ချစ်သူလေး အိပ်နေမယ့်ပုံကို မြင်ယောင်ရင်း… အတူတူနေရမယ့် အချိန်ကို စောင့်နေမိသည်…

Xxxxx xxxxxxxxxxxxxxxxx


2 comments:

  1. ခိုင်~~


    မနက်၈း၀၀…


    ဒီအချိန်ရောက်ဖို.ကို ညကတည်းက မအိပ်ဘဲစောင့်နေခဲ့တာ...
    .
    .
    .
    .
    ရင်ထဲမှာတော့ ခိုင်ဘာလို. ညကမျိုးကို အိပ်မက်မမက်လဲဆိုတာ ကိုယ့်ကိုယ်ကို မကျေမနပ်ဖြစ်မိသည်…
    သူမ မျိုးအပေါ် သစ္စာဖောက်မိပြီလား….

    :D

    ReplyDelete
  2. ထောက်ပြပေးတာ ကျေးဇူးဗျ.. ကျွန်တော်လဲ ခုမှတွေ.တယ်..
    ဟားဟား... ပြင်တော့မပြင်တော့ပါဘူး.. ဒီအတိုင်းဘဲထားလိုက်ပြီ..

    ReplyDelete