Monday, January 6, 2014

ွ့Ghost Girl & Me - Part 3

အခန်း (၅)

ပန်းအိက အင်းယားကို သွားရအောင်ဆိုလို.သာ တူတူထွက်လာခဲ့တာ မြတ်ခေါင်းထဲမှာ အခုထိ သူမဘာကိုဆိုလိုနေမှန်း မသိသေး။
ကန်ဘောင်မှာ စနေ၊ တနင်္ဂနွေမဟုတ်တော့ လူတွေသိပ်မစည်။ A21ဆပ်ပြာကြောငြာထားသော ခုံတစ်ခုမှာ ပန်းအိဝင်ထိုင်ပြီး၊ သူမကိုလဲ လာထိုင်ဖို. လက်ယပ်ခေါ်သည်။
ပန်းအိနဘေးမှာ ၀င်ထိုင်ဖြစ်တော့…
“မြတ် .. နင်မှတ်မိလား… ငါတို.၂ယောက် ဒီနေရာမှာ စတွေ.ခဲ့တာ…”
သူမခေါင်းထဲမှာ ဘာကိုမှ မမှတ်မိပါ.. ဒါကြောင့် ပန်းအိကို ဘာမှ ပြန်မပြောဘဲ သူမပြောမယ့်စကားတွေကို ထိုင်နားထောင်နေမိသည်။
“အဲဒီနေ့က နင်က ဒီရေပြင်ကိုကြည့်ပြီး ငိုနေခဲ့တာ။ ငါက နင်ဘာလို.ငိုနေလဲမေးတော့ နင်ကငါ့ကို ရန်သူလိုကြည့်ပြီး ဘုတောတော့တာဘဲ..” ပန်းအိက မြတ်အရှေ. မျက်နှာချင်းဆိုင်နေရာမှာ ဒူးထောက်ထိုင်ရင်း “ငါက နင့်ကို လောကကြီးမှာ နင့်ထက်ကံဆိုးတဲ့သူတွေရှိပါတယ်လို.ပြောတော့”
“မိဘ၂ပါးမျက်စိရှေ.မှာ လက်တလောဆုံးသွားတဲ့ ငါ့ထက်ကံဆိုးလားလို. နင်ပြန်မေးတယ်လေ..” ပန်းအိစကားကို ဖြတ်ပြီး မြတ်ဝင်ပြောမိသည်။
“အေး.. ဟုတ်တယ် မြတ်.. အဲဒီမှာ နင်နဲ့ ငါ တစ်ယောက်ကို တစ်ယောက်ဖက်ပြီး ငိုကြွေးခဲ့ကြတာ..”
“ငါတို.၂ယောက် အဲဒီအတိတ်ဆိုးတွေကို ဘယ်တော့မှ ပြန်မပြောကြေးလို.လဲ ကတိပေးခဲ့ကြတယ်..”
ပန်းအိက သူမပြောတဲ့စကားတွေက အမှန်ပါလို.ထောက်ခံသလိုအပြုံးနဲ့ ကြည့်နေခဲ့သည်။
.
.
ဟုတ်တယ်.. သူမနဲ့ ပန်းအိ ဒီကန်ဘောင်ပေါ်မှာ တွေ.ခဲ့ကြတယ်..
အမုန်းတွေ နားကျဉ်းမှုတွေနဲ့ ပြည့်နှက်နေခဲ့တဲ့နေ့.
တစ်သက်စာ ကိုယ့်ကိုယ်ကို ရွံရှာမုန်းတီးခဲ့ရတဲ့နေ.
အဲဒီနေ့က ပန်းအိနဲ့သာမတွေ.ရင် ကိုယ်ကိုယ်ကို အဆုံးစီရင်ဖို.ထိ ကြံရွယ်ခဲ့တာ…
.
.
သူမရဲ့ အပျိုစင်ဘ၀ကို အလိုမတူဘဲ သိမ်းပိုက်သွားတဲ့ လူတစ်ယောက်ကြောင့်
.
.
.
ထိုလူ….
.
.
ထိုလူကို ပန်းအိအိမ်မှာ….
.
.
.

Ghost Girl & Me - Part 2

အခန်း ၃

”‘ဟဲ့ ဘယ်သွားမလို.လဲ..” မနက် အိပ်ရာကနိုးနိုးချင်း ရေမိုးချိုးပြီး အပြင်ထွက်မယ်အလုပ်..
“ပလုတ်တုတ်.. လန့်တာ…” မြတ် တကယ်လန့်ပြီး ထအော်မိခြင်းပါ…. “ဘာလဲဟာ..”
“ငါ နင့်နောက်က ထပ်ချပ်မကွာ ရှိနေမယ်လို. ပြောထားတယ်လေ..” ကောင်မလေးကပြောသည်။
“ဟာ.. ငါ မနက်စာထွက်စားမလို.လေ… နင်ကဘာလိုက်လုပ်မှာလဲ..”
“ငါလဲ ဗိုက်ဆာတယ်.. ငါ့ကိုလဲကျွေး..”
“နင်က သရဲလေ.. ဘယ်လိုလုပ်စားမှာလဲ..”
“သရဲလဲ ဗိုက်ဆာတာဘဲဟ..”
“ဒုက္ခဘဲ.. ငါက သရဲကို ဘယ်လိုကျွေးရမှာလဲဟ…”
“နင် စားစရာမှာရင် ငါ့အတွက် သတ်သတ်မှာပေးပြီး၊ စားဖို.သောက်ဖို. ဇွန်း ခက်ရင်း စီစဉ်ပေး၊ ဒါဆို ငါစားလို.ရပြီ”
“အင်း.. ဒါဆိုလဲ ပြီးရော..”
သူမတို.၂ယောက် သဘောတူညီချက်ယူပြီး၊ အိမ်ပြန်သို. တူတူထွက်လာခဲ့ကြသည်။
ဒီနေ့တော့ လောကကြီးက အလွန်သာသာယာယာရှိနေသည်။ မနေ့ညက ရွာထားတဲ့ မိုးရေစက်တွေလဲ နေမင်းရဲ့ အပူဒဏ်ကြောင့် ခြောက်သွေ.ကုန်ပြီထင်သည်။ အရာရာက ပန်းချီကားတစ်ချပ်လို သူ.နေရာနှင့်သူ သေသေသပ်သပ် အစီအစဉ်တကျရှိနေခဲ့သည်။
“ဒါနဲ့…” သူမ ဘေးမှလိုက်ပါလာသော ကောင်မလေးကို တချက်ငဲ့ကြည့်ရင်း … “နင်က သရဲဆိုတော့ အရည်ပျော်မသွားဘူးလား..”
ကောင်မလေးက မြတ်ပြောသော စကားကို နားမလည်သလိုတစ်ချက်ကြည့်ရင်း.. “ဘာကိုပြောတာလဲ..”
“ဟိုလေ.. ငါသိတာက သရဲတွေက အလင်းရောင်ကြောက်တယ်လေ.. အမှောင်ထဲမှာဘဲ..”
ကောင်မလေးက ပြောလက်စ စကားကို လက်ကာပြရင်း.. “နင်ပြောတာ ငါသိပြီ၊ ငါက သရဲအစစ်မဟုတ်သေးဘူးလေ၊  ငါဘယ်လိုသေလဲ မေ့နေတဲ့သူဆိုတော့ ၀ိဥာဉ်ဘ၀နဲ့တင် ရပ်ပြီး ဘ၀ကူးမရဖြစ်နေတာ၊ ဒီတော့ သာမန်သရဲတွေလို အလင်းကြောက်တာဘာညာ မရှိသေးဘူး..”
“သြော်.. သြော်…” ကောင်မလေးပြောသမျှကို ခေါင်းငြိမ့်ရင်း၊ လမ်းထိပ်အကျော်နားမှာတွေ.သော မနက်စာဆိုင်လေးတွင် ခြေလှမ်းများကို ရပ်တန်.လိုက်သည်။ “ဒီမှာ စားကြမယ်..”
ကောင်မလေးက ဆိုင်းဘုတ်ကို တစ်ချက်မော့ဖတ်ရင်း.. “အင်း.. နင်စားနေကျဆိုင်ဘဲ..”
“နင် ဘယ်လိုသိလဲ..”
“သြော်.. ငါ နင့်အကြောင်းတွေကို သိနေပါတယ်ဆို..”
မြတ် ဘာမှ ပြန်မပြောတော့ဘဲ ဆိုင်တံခါးကို တွန်းဖွင့် ၀င်လာခဲ့သည်။
.
.

Ghost Girl & Me - Part 1

“၀ုန်း..”
“ဟာ.. တိုက်ပြီ..”
“ပြောနေသားဘဲ ကားကို သေချာမောင်းပါဆိုမှ..”
“မဟုတ်ဘူး.. သူကလမ်းကြားထဲက မကြည့်ဘဲပြေးထွက်လာတာ..”
“စကားမရှည်နဲ့… ဆင်းကြည့်ရအောင်..”
တစ်လမ်းလုံးကားမောင်းရင်း ရန်ဖြစ်လာကြသော လင်မယား၂ယောက်ရဲ့ အကျိုးဆက်က  လမ်းကြားထဲမှပြေးထွက်လာသော ကောင်မလေး၁ယောက်ကို တိုက်မိခြင်းဖြစ်သည်။
ယောကျာ်းလုပ်သူက လဲကျနေသော ကောင်မလေးပခုံးကို ကိုင်လှုပ်ရင်း.. “ကလေးမ… ကလေးမ“
“အသက်တော့ရှိသေးတယ်.. သွေးထွက်သံယိုတော့လဲမရှိဘူး.. လန့်ပြီးသတိမေ့သွားတာထင်တယ်” မိန်းမလုပ်သူက တီးတိုးရေရွတ်သည်။
“အေးကွ.. ကဲ.. အချိန်ရှိတုန်း ဆေးရုံပို.ရအောင်.. အမှုပတ်လဲ မတတ်နိုင်ဘူး..အမှုကဖြစ်နေပြီဘဲ..” ဟုဆိုကာ သတိမေ့နေသော ကောင်မလေးကို ဆေးရုံပို.ဖို. ပွေ.ချီလိုက်သည်။
.
.
.
.
.
အခန်း (၁)

“မင်း နာမည်ဘယ်သူလဲ..”
“…………………………….”
“ဘယ်မှာနေလဲ”
“………..”
“မိဘ”
“….”
“ဒီဟာဘာလဲ..” ကုတင်ကို လက်ညှိုးထိုးပြသည်။
“ကုတင်”
“ဒီဆိုင်းဘုတ်က ဘာရေးထားတာလဲ..”
“ဦးနှောက်နှင့် အာရုံကြောဌာန..”
“မင်းနာမည်က..”
“………………..”
“တကယ်ဘဲ ဘာမှကို မမှတ်မိဘူးလား..”
ကောင်မလေးက ခေါင်းငြိမ့်ပြသည်။
ဆရာဝန်သက်ပြင်း ခပ်လေးလေးကိုချရင်း.. “ခေါင်းကိုလဲ အဲလောက်ထိခိုက်မသွားပါဘူး… ဘယ်လိုလုပ်ပြီး အတိတ်မေ့သွားပါလိမ့်…တခြားဟာတွေကျ အားလုံးသိနေတယ်…” ခပ်တိုးတိုး ညည်းတွားသည်။
ပြီးမှ ဆုံးဖြတ်ချက်တစ်ခုကို ချကာ..”ကဲ.. မင်းကျန်းမာရေးအခြေအနေက အားလုံးကောင်းနေတယ်။ မင်းကိုယ်မင်းမေ့နေတာကတော့… အက်ဆီးဒင့်ကြောင့် လန်.သွားတာဖြစ်မယ်ထင်တယ်… အိပ်ရေး၀၀အိပ်ပြီး အနားယူလိုက်ရင် ကောင်းသွားမှာပါ.. ရဲစခန်းကို အကြောင်းကြားပေးထားမယ် မင်းအတိတ်မေ့နေတာကို၊ စခန်းမှာ မင်းလက်ဗွေနဲ့ စစ်ပြီး မင်းဘယ်သူလဲဆိုတာ အဖြေရှာလို.ရတယ်။ သူတို.က မင်းရဲ့ နာမည်နဲ့ နေရပ်လိပ်စာပြောပြပေးလိမ့်မယ်.. အိမ်ပြန်ပြီး အနားယူလိုက်ဦး။ ၂ပတ်ကြာရင် ဆေးရုံကိုပြန်လာခဲ့..”
ဆရာဝန်က စကားခပ်ရှည်ရှည်ပြောပြီးနောက် မောသွားဟန်နှင့် လေပူတစ်ချက်ကို မှုတ်ထုတ်သည်။
သူမကတော့ လှုပ်ရှားမှုကင်းမဲ့စွာ အသက်မဲ့သောမျက်လုံးများနှင့် အရာရာကို အသစ်တစ်ခုလို တွေဝေငေးမောလျက်….
.
.
.
.
.

မြို.နယ် ရဲစခန်း…


ကွန်ပျူတာစာရေး ရဲတစ်ယောက်က သူမလက်ဗွေ scan ဖတ်ထားသော အချက်အလက်အချို.နှင့် အလုပ်နဲနဲရှုပ်နေသည်။
ကွန်ပျူတာစာပွဲခုံ အရှေ.ကထိုင်ခုံမှာ ငြိမ်သက်စွာထိုင်နေရင်း သူမကိုယ်သူမ မေးခွန်းတွေမေးနေမိသည်..
ငါဘယ်သူလဲ…
ဘယ်ကလဲ…
“နင့်နာမည်က မြတ်ဖူးငုံ.. ရန်ကင်းမှာနေတယ်.. အိမ်နံပါတ် ၂၀၂.. ၃လွှာ.. “
ဘုရားရေ.. သူမနဘေးမှာ ဘယ်တုန်းကတည်းက ထိုင်နေမှန်းမသိတဲ့ ကောင်မလေးတစ်ယောက်…
ပန်းရောင်ဂါဝန်၊ ဆံပင်ဂုတ်ဝဲ ပါးဖောင်းဖောင်း မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ထိုကောင်မလေးကို မျက်စောင်းထိုးရင်း အရေးမစိုက်သလိုနေလိုက်သည်…
သူများတကာ အတိတ်မေ့နေလို. စိတ်ညစ်နေပါတယ်ဆိုမှ အပြောင်အပျက်သဘောနှင့် လာစသော သူမကို နည်းနည်းစိတ်ဆိုးမိသွားသည်။
ကွန်ပျူတာစာရေးက တခုခုရှာဖွေတွေ.သွားဟန်ပြပြီ…
“အိုကေ.. ရပြီ… ညီမနာမည်က မြတ်ဖူးငုံ၊ အသက် ၂၂နှစ်၊ အိမ်နံပါတ် ၂၀၂၊ ၃လွှာ၊ ရန်ကင်း၊ မိဘတွေ ကွယ်လွန်၊ မောင်နှမသားချင်း မရှိ..”
သူမ ဂရုတစိုက်သေချာနားထောင်နေရင်း ရုတ်တရတ် လန့်ကာ…”ရှင်… မြတ်ဖူးငုံ၊ အိမ်နံပါတ် ၂၀၂…” နဘေးက ကောင်မလေးကို လှမ်းကြည့်တော့ မရှိတော့…
“ခ..ခဏလေး.. ဟို ဟိုကောင်မလေး…” ကွန်ပျူတာသမားကို လက်ကာပြရင်း ခုနက ကောင်မလေးကို လက်ညှိုးထိုးပြသည်…
“ညီမ ဘာတွေဖြစ်နေတာလဲ..”
“ဟို ပန်းရောင်ဂါဝန်လေးနဲ့ ကောင်မလေးလေ… သူပြောသွားတဲ့ လိပ်စာတွေက အကုန်မှန်နေတယ်..”
“ဒီစခန်းထဲမှာ မိန်းမဆိုလို. ညီမနဲ့ ဟိုဘက်စားပွဲက ရဲမေနဲ့ဘဲရှိတာ…” ကွန်ပျူတာ သမားက သူမကို စိတ်ပျက်လက်ပျက်ပြန်ပြောသည်။
“ကဲ… ဒီမှာ မင်းလိပ်စာရေးပေးလိုက်တယ်။ ယာဉ်တိုက်မှုဖြစ်တုန်းက မင်းနဲ့အတူပါတဲ့ ပိုက်ဆံအိတ်နဲ့ လက်ကိုင်ဖုန်းက ဒီမှာ.. ပိုက်ဆံအိတ်ထဲမှာ ငွေတချို.ပါတယ်၊ မင်း Taxi ငှားပြန်ဖို. လောက်ပါတယ်။ ဖုန်းကတော့ သုံးမရတော့ဘူး.. ဆိုင်မှာ သွားပြင်ကြည့်ပေါ့။ ဒီပုံစံစာရွက်မှာ လက်မှတ်ထိုးပေး။ အားလုံးလက်ခံရရှိကြောင်း၊ ယာဉ်တိုက်သူကိုတော့ ဥပဒေအရ အမှုဖွင့်ထားတယ်။ မင်းဘက်က အဆင်ပြေရင်လဲ အမှုကျေအေးပေးလိုက်ပေါ့။ အတိအကျကိုတော့ နောက်အပတ်မှ အကြောင်းကြားမယ်။ “ သူမကို ရူးသွားပြီအထင်မျိုးနှင့် မြန်မြန်ပြီးအေးရော သဘောထားကာ နှင်လွှတ်နေမှန်းသိသာသည်။
“ဟုတ်ကဲ့..” သူမဘက်က ထိုစကားတစ်ခွန်းမှလွဲပြီး ဘာမှ ပြန်ပြောစရာမရှိပါ။
ပေးထားသော ပုံစံစာရွက်မှာ လက်မှတ်ထိုး၊ ပစ္စည်းတွေ ကောက်ယူကာ ရဲစခန်းထဲမှ ထွက်လာခဲ့သည်။
စိတ်ထဲမှာတော့ မြတ်ဖူးငုံဆိုတဲ့ သူမနာမည်ကို အခါခါရွတ်ရင်း…..

.
.
.
.
.

Taxi မောင်းသမား ချပေးသွားသော အစိမ်းရောင် တိုက်မြင့်တစ်ခုရှေ.မှာ သူမအချိန်ကြာကြာ ရပ်တန်.နေမိသည်။ ဒီတိုက်က ၃ထပ်မြောက်မှာ သူမရဲ့ အခန်းလေးတစ်ခုရှိသည်တဲ့။ ဒီတိုက်က သူမနဲ့ ရင်းနှီးမှု ရှိမရှိ ပုံဖော်ကြည့်ပေမယ့် ရင်ထဲမှာ ဘယ်လိုမှ မခံစားရ။ သူစိမ်းဆန်လွန်းတဲ့ အရိပ်အငွေ.တွေသာ ခံစားရသည်။ သူမတကယ်ရော ဒီတိုက်မှာ နေခဲ့ရဲ့လား?
ရင်ထဲမှာ ဒွိဟတွေနှင့် မီးထွန်းမထားသော အုတ်လှေကား ခပ်ကျဉ်းကျဉ်းကို သတိထားကာ တတ်လာမိသည်။
မှောင်နေသော လှေကားထစ်များပေါ်မှာ လမ်းလျောက်ရင်း အနားမှာ အအေးဓာတ်တချို. ခြုံလွှမ်းလာသလို ခံစားမိရင်း၊ သူမခေါင်းထဲ မူးလာသလိုလို၊ လက်တွေလဲ ချွေးစေးအချို.ပျံလာသည်။
သူမ အခန်းထဲ မြန်မြန်ဝင်ပြီး အနားယူမှ ဖြစ်တော့မည်။ လှေကားလက်ရန်းကို ခပ်တင်းတင်း ဆုပ်ကိုင်ရင်း၊ အားတင်းကာ သုံးလွှာထိရောက်အောင် တတ်လာခဲ့သည်။

Monday, November 25, 2013

Ham Radio - Final

အခန်း (၉)
“Hello ခိုင်…” ပြတ်တောက်နေသော ပါဝါကြိုးကို လက်ကကိုင်ထားရင်း လှုပ်ရှားနေသော စိတ်တို.နဲ့အတူ ဝေါ်ကီတော်ကီခလုတ်ကိုနှိပ်ကာ တဖက်မှအသံကို နားစွင့်နေခဲ့သည်။
စိတ်ထဲမှာတော့ သူကိုယ်တိုင်ဘဲ အိပ်မက်မက်နေခဲ့တာလား… တစ်စုံတစ်ယောက်ကဘဲ ကျီစယ်နေခဲ့တာလား စဉ်းစားလို.မရ…..
“မင်္ဂလာပါ..” တစ်ဖက်မှ ကြားနေကျ ခိုင့်ရဲ့အသံက လေလှိုင်းကြားမှ ပီပီပြင်ပြင်ထွက်ပေါ်လာသည်။
“ဟာ…..” မြတ်မွန် ဘာပြန်ပြောလို. ပြောရမှန်းမသိအောင် အာခေါင်တွေခြောက်ကပ်နေသည်။ နဘေးမှ  laptop ကိုအလျင်အမြန်လှုပ်ရှားရင်း ၁၉၉၄ခုနှစ်က အကြောင်းအရာတွေကို အင်တာနက်မှာ ရှာဖွေနေမိသည်။
“ခိုင်.. ကျွန်တော် ပြောတာကြားရလား..”
“အင်း.. ကြားရတယ်လေ..”
“ခိုင်မနေ့ကပြောတယ်နော်… ၁၉၉၄ခုနှစ်မှာ နောက်ဆုံးနှစ်တတ်နေတယ်ဆိုတာ…”
“ဟုတ်ကဲ့…”
“ဒီနေ့ ဘယ်နှရက်နေ့လဲ… အဲဒီမှာ…”
“ဂျူလိုင် ၁၇ရက်လေ…ဘာဖြစ်လို.လဲ”
“ဟုတ်ပြီ မနက်ဖန် ၁၈ ဂျူလိုင်.. ကျောင်းမှာ ကျောင်းသားတွေ ဆူပူကြလိမ့်မယ်… သြဂုတ် ၈ရက်နေ့မှာ ပိုဆိုးလာမယ်.. ကျောင်းတွေပါပိတ်မယ်..”
“ဘာတွေလာပြောနေတာလဲ.. မင်းက ဗေဒင်ဆရာလား မြတ်မွန်…”
“ခိုင် ကျွန်တော်ကလေ ၂၀၁၃မှာ တကယ်ကိုကျောင်းတတ်နေတဲ့ ကျောင်းသားပါ… ခိုင်တို. ၁၉၉၄ကအကြောင်းအရာတွေကို ကျွန်တော်ပြောပြနေတာ..”
“မင်းလာနောက်မနေနဲ့ ၂၀၁၃က ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ…”
“တကယ်ပြောတာခိုင်.. မနက်ဖန် ၁၈ ဂျူလိုင် အာဇာနည်နေ့မတိုင်ခင် တစ်ရက်အလိုမှာ ကျောင်းသားတွေ သစ်ပုတ်ပင်ကြီးနားမှာ စုကြလိမ့်မယ်… မကြာခင်မှာ သစ်ပုတ်ပင်ကြီးလဲ ခြံခတ်ပစ်လိမ့်မယ်…”
“မင်းအရူးဘဲ…”
“နောက်တစ်ခု… အခုကန်နေတဲ့ အရှေ.တောင်အာရှ ဘောလုံးပွဲစဉ်မှာ မြန်မာက ဖိုင်နယ်ထိတတ်ပေမယ့် ထိုင်းကိုရှုံးလိမ့်မယ် ခိုင်..ပြီးတော့ အဲဒီနှစ်က အေ၇ှ.တောင်အာရှမှာ  မြန်မာအနေနဲ့ နောက်ဆုံးကန်ရတဲ့ ဘောလုံးပွဲစဉ်”
“ဘာတွေလာပြောနေတာလဲ… မင်းနဲ့ငါပြောရတာ စိတ်ကုန်လာပြီ… အရူးလိုဘဲ..”
“ကျွန်တော် မနက်ဖန်ညနေ ဒီအချိန်မှာ စောင့်နေမယ် ခိုင်… good night”
လိုင်းပြတ်သွားပြီ…..
နှုတ်ခမ်းစွန်းကို ခပ်ကွေးကွေးပြုံးရင်း တစ်ခုခုကိုကျေနပ်သလိုခံစားမိသည်။ သူက ၁၉၉၄ခုနှစ်က လူသားတစ်ယောက်နဲ့ အမှန်တကယ် စကားပြောနေခဲ့ရတယ်ဆိုတာပေါ့….
ကမ္ဘာကြီးက ဆန်းတော့ ဆန်းသားနော်….
.
.
.

Sunday, November 24, 2013

Ham Radio - Part (2)

အခန်း (၅)
“ခိုင်ရေ.. မွန်တို. ဒီဘက်မှာ..” ဦးချစ်ကင်န်တင်းထဲမှ မွန်ကလှမ်းခေါ်သည်။
ကင်န်တင်းထဲမှာ မွန်နဲ့အတူ ရှပ်အကျီအပြာကွက်နှင့် ပုဆိုးနီညိုရောင်အကွက်ကိုတွဲဝတ်ထားသော အရပ်ရှည်ရှည် အသားလတ်လတ်နှင့်သူတစ်ယောက်…
“မြင်ဖူးသလိုဘဲ..” ခိုင်က ဇဝေဇ၀ါရေရွတ်ရင်း…
“ခိုင်.. သူနာမည်က ကိုအောင်စည်တဲ့၊ မွန်တို. တက္ကသိုလ်စိန်ဝင်းမှာ ဓာတ်ပုံရိုက်တုန်းက ကူညီပေးနေတဲ့သူလေ..” ဟု မွန်က ၀င်မိတ်ဆက်ပေးသည်။
စားပွဲခုံကို လက်ဝါးဖြင့်ပုတ်ရင်း… “အား.. ဟုတ်သားဘဲ.. အရင်အပတ်ကဘဲ တွေ.ထားတာ..”
“ကိုအောင်စည်က မွန်နေတဲ့ အဆောင်က သူငယ်ချင်းဆီ ဓာတ်ပုံလာပို.ရင်းတွေ.ကြတာ။ စကားစပ်မိမှသိတယ် သူ.မေမေနဲ့ မွန်.မေမေက ကျောင်းတုန်းက သူငယ်ချင်းတွေဖြစ်နေရော။ ဒါနဲ့ မေမေ့ကိုပြောပြတော့ မေမေတို. သူငယ်ချင်း၂ယောက်လဲ အခုမှပြန်တွေ.ကြလို. ပျော်နေကြရော… ဒီနေ့တော့ ကိုအောင်စည်က မွန်.ဓာတ်ပုံတွေ အတန်းထိ တကူးတကလာပို.ပေးလို. ခိုင်နဲ့ပါမိတ်ဆက်ပေးရအောင် ဒီကင်န်တင်းကို ခေါ်လာတာ..”
“သြော်… “ မွန်.စကားဆုံးတော့ သူလဲ ဘာပြန်ပြောရမယ်မှန်းမသိဘဲ သြော်သာပြောဖြစ်သည်။
ထိုလူကိုကြည့်ရတာကတော့ ရည်ရည်မွန်မွန်ပါဘဲ။
“ကိုအောင်စည် ဒါက ခိုင်.. မွန်.ရဲ့ အချစ်ဆုံးသူငယ်ချင်း၊ သူ.ထက်ချစ်ရတာ ဘယ်သူမှမရှိတော့ဘူး။” သူမလက်ကိုကိုင်ရင်း မွန်ကပြောတော့ ဖြူဝင်းသောအသားအရည်ပိုင်ရှင် ခိုင့်မျက်နှာ ရှက်ပြီးနီနေမှာ သေချာနေပြီ။ ရှက်နေပေမယ့်လဲ သူမတို.၂ယောက်သာ နားလည်နိုင်သော အတိုင်းအတာတစ်ခုကို မွန်က သွယ်ဝိုက်သောနည်းဖြင့် တစိမ်းယောကျာ်းတစ်ယောက်ရှေ.မှာ ပြောပြပေးတယ်ဆိုတော့ သူ.ကို သံသယကင်းစေချင်တဲ့ မွန်.ရဲ့စိတ်ရင်းကို နားလည်ကျေနပ်မိသည်။
“ဟုတ်ကဲ့ မခိုင်.. တွေ.ရတာ ၀မ်းသာပါတယ်ဗျာ။ ကျွန်တော်က ဘူမိဗေဒအထူးပြုနဲ့ လှိုင်တက္ကသိုလ်မှာ မဟာတန်းဆက်တတ်နေပါတယ်။ ဓာတ်ပုံရိုက်တာကတော့ ကျွန်တော့် ၀ါသနာဆိုတော့ အားရင် အားသလို ကိုစိန်ဝင်းဆီမှာ ပညာသင်ပေးနေတာပါ။”
“မွန်ခေါ်သလို ခိုင်လို.ဘဲ ခေါ်လို.ရပါတယ်။ မွန်ကတော့ ဓာတ်ပုံရိုက်ရမယ် အလှပြင်ရမယ်ဆိုရင် ထမင်းမေ့ ဟင်းမေ့ပါဘဲ။ “
“အေးဗျာ နောက်ကို အခွင့်သင့်ရင် ခိုင်နဲ့ မွန်တို. သူငယ်ချင်း၂ယောက်လုံးကို ကျွန်တော့် ဓာတ်ပုံလက်စွမ်းလေးတွေ ပြချင်ပါသေးတယ်။ ဒီနေ့တော့ ကျွန်တော် ချိန်းထားတာလေးရှိလို. ခွင့်ပြုဦးဗျ”
“ဟုတ်ကဲ့.. နောက်မှ တွေ.ကြတာပေါ့..”
ကိုအောင်စည်က ခိုင်တို.၂ယောက်ကို ယဉ်ယဉ်ကျေးကျေးနှုတ်ဆက်ကာ စကားဝိုင်းမှ ထထွက်သွားသည်။.
.
.
“ခိုင် .. ဓာတ်ပုံတွေလှတယ်နော်…” ဟုဆိုကာ သူမလက်ထဲကို ဓာတ်ပုံတွေ အတင်းထိုးထည့်ပေးသည်။
မွန်ပြောလဲ ပြောချင်စရာကောင်းလောက်အောင် ဓာတ်ပုံတွေက တကယ်ကို လှလွန်းသည်။ ဒါကြောင့်လဲ ဒီဓာတ်ပုံဆရာတွေ နာမည်ကြီးကြချင်းဖြစ်မည်။
ထိုနေ့ကတော့ မွန်နဲ့ အတူ ကင်န်တင်းန်မှာထိုင်ရင်း သူမဓာတ်ပုံလှလှလေးတွေကြားမှာ ၂ယောက်အတူစီးမြောရင်း ညနေခင်းကို ဖြတ်သန်းခဲ့ကြသည်။
.
.
.
.

Ham Radio - Part (1)

အခန်း (၁)

မနေ့ကမှ အဖေနဲ့အတိုက်အခံလုပ်ပြီးဆိုးထားတဲ့ ဆံပင်အနီရောင်အလယ်ခွဲလေးကို ကျေနပ်စွာ ပွတ်သပ်ရင်း ချစ်သူလာမယ့်လမ်းကိုလှမ်းမျှော်နေလိုက်တယ်…
“ခိုင် … ရောက်နေတာ ကြာပြီလား…”
Casper အရုပ်လေးတွေပါတဲ့ တီရှပ်အကျီအဖြူရောင်ပွပွကို ထမီကြည်ပြာရောင်လေးနဲ့တွဲဝတ်ထားတဲ့ သွယ်လျလျပုံရိပ်လေးနဲ့ အရမ်းချစ်ရတဲ့ မွန်….
“သိပ်မကြာသေးပါဘူး… “ လက်ပတ်နာရီကို တစ်ချက်မြှောက်ကြည့်ရင်း.. “အင်း.. ၁၅မိနစ်လောက်ဘဲရှိသေးတယ်..”
မျက်နှာရှေ.မှာကွယ်နေတဲ့ ဆံပင်တွေကို သူမရဲ့လက်ချောင်းကလေးတွေနဲ့ ဖယ်ရှားရင်း..
“အမယ်.. မွန်.ချစ်သူက အရမ်းကို မိုက်နေပါလား…”
သူ ခပ်ရှက်ရှက်တစ်ချက်ရယ်လိုက်ရင်း… “ အိမ်ကဖားသားကြီးဆဲတာခံပြီး ဆေးဆိုးထားတာ..”
“ခိုင်က အသားဖြူလို.လားမသိဘူး ဒီဆံပင်ရောင်လေးနဲ့ လိုက်တယ်…”
“အယ်.. အချင်းချင်းစွတ်မြှောက်နေပြန်ပြီ…. အတန်းနောက်ကျတော့မယ် သွားကြစို.”
ချီးကျူးစကားတွေဆိုနေတော့ မျက်နှာမထားတတ်တော့သူပီပီ သူမလက်ကိုဆွဲပြီးကျောင်းဝင်းဘက်ကို ထွက်လာခဲ့တယ်…
.
.
.
“ခိုင့်ကိုပြောရဦးမယ်.. မနေ့က မြတ်မြတ်ဇော်တို.တွေ တက္ကသိုလ်စိန်ဝင်းမှာ ဓာတ်ပုံသွားရိုက်လာတာ ပုံထွက်တွေလှတယ်ဆရာ..”
ကြက်တူရွေးတံဆိပ်ပီကေတစ်ခုကိုဖောက်ဝါးရင်း အင်းဟုသာ ခေါင်းငြိမ့်ပြလိုက်သည်။
ဓာတ်ပုံရိုက်ဝါသနာပါသော သူမချစ်သူလှလှလေးက စကားတော့ကြောင်းနေပြီ…
“အဲဒါလေ.. ဒီတစ်ပတ် စနေနေ့ကျောင်းပိတ်ရက်ကျရင် သွားရိုက်ရအောင် ခိုင်ရယ်… အဲဒီဓာတ်ပုံဆရာက ရိုက်ချင်တဲ့သူတွေတန်းစီနေလို. တိုကင်ယူပြီးစောင့်ရတယ်တဲ့..”
“အာ… မွန်ကလဲ တော်ကြာ ဓာတ်ပုံဆရာတွေက ဟိုကိုင်ဒီကိုင်နဲ့ဆို ငါသ၀န်တိုတာနဲ့ ထလုပ်မိမှာ..”
“အဲလောက်တော့ မဆိုးပါဘူး… Outdoor ရိုက်တာဘဲဟာ… လူမြင်ကွင်းမှာ သူတို.ဘာမှလုပ်လို.မရပါဘူးဟာ…”
“စားပြီကွာ..” ခေါင်းကိုတချက်ကုတ်ရင်း ညည်းတွားလိုက်သည်။
သူမချစ်သူလေးက ဓာတ်ပုံနဲ့ပါတ်သတ်ရင် အလွန်ဝါသနာကြီးတာ.. ရုပ်ရှင်မင်းသမီးဖြစ်ချင်တာလဲ တစ်ပိုင်းသေနေပြီ.. ရုပ်ကလေးကချောပေမယ့် ဒီခေတ်ကြီးမှာ ရုပ်ရှိတိုင်းလဲ မင်းသမီးလုပ်လို.ဖြစ်တာမဟုတ်…
ဝတ်ထားတဲ့ ယောထမီခပ်တိုတိုကို ပြန်ပြင်ဝတ်ရင်း..
“အေးပါဟာ… ဒီအပတ်စနေ ဟုတ်လား… “ ခပ်ညည်းညည်းမေးတော့
ကာခြယ်ရောင်စုံဆိုးထားတဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေကို ပိုဝိုင်းအောင်းလုပ်ရင်း ကလေးလေးလို ခေါင်းငြိမ့်ပြသည်။
သူမ အသည်းယားလာကာ မွန်.လက်မောင်းကို တစ်ချက်ညှစ်ရင်း.. “နေ့လည် ၁၁း၀၀၊ လှည်းတန်းမှတ်တိုင်မှာစောင့်နေမယ်.. သွား၊ အတန်းထဲဝင်တော့…”
“ဟုတ်… ဒါကြောင့် ခိုင့်ကို အရမ်းချစ်…”
“ရှူး.. တိုးတိုးဟ၊ သူများတွေကြားသွားဦးမယ်..” ခပ်ကြိတ်ကြိတ်သတိပေးစကားဆိုရင်း၊ သူမ အတန်းဘက်သို.ထွက်လာခဲ့သည်။
.
.

Saturday, September 14, 2013

အမည်မဲ့ - အပိုင်း (၄) ဇာတ်သိမ်း

အခန်း (၉)

သူမ မရောက်ဖူးသော လမ်းကြားတစ်ခု….
ဟောင်းနွမ်းမှောင်မည်းနေသော အဆောက်အဦးတစ်ခုရဲ့ လှေကား…
ထိုမှတဆင့် အစိမ်းရောင်သုတ်ထားသော  တံခါးခပ်စုတ်စုတ်တစ်ခုရှေ.မှာ ထိုလူရပ်သွားသည်။ အခန်းတံခါးကို ခေါက်တော့ အထဲမှ မမြင်ရသော တစုံတစ်ယောက်က လာဖွင့်ပေးသည်။ သူ အထဲဝင်သွားပြီ။
သူမလိုက်မ၀င်ဖြစ်သေး…. တစ်ခုခုကို နားမလည်နိုင်စွာ စဉ်းစားတွေဝေနေမိသည်။
ထိုသူကို သူမ မသိပါ။ တစ်ခါမှလဲ မပတ်သက်ခဲ့ဖူးပါ။ ဒါပေမယ့် ထိုလူက သူမကို ဆိုင်ကယ်နှင့် တိုက်သတ်ခဲ့ပြီး၊ ဇင့်ရဲ့ အိမ်ခန်းကိုလဲ မွှေနှောက်ရှာဖွေခဲ့တယ်။ ဒါတွေအားလုံးက တိုက်ဆိုင်မှုသတ်သတ်တော့ မဖြစ်နိုင်။
.
.
.
“ရှပ်.. ရှပ်..ရှပ်..”
တစုံတစ်ယောက် လှေကားပေါ်တတ်လာသံ….
သူမအတွေးတွေ ခဏရပ်သွားပြီး၊ ဒီအဆောက်အဦးပေါ်တတ်လာသူကို စပ်စုလိုက်သည်။
“ ဟင်… ပပ..” သူမ အချစ်ဆုံး သူငယ်ချင်းကို မြင်ရတော့ စိတ်ပူသွားမိသည်။ ပပ ဒီကို ဘာလာလုပ်တာလဲ။
တံခါးအစိမ်းရှေ.မှာ ရပ်ပြီး ….
“ဒေါက် ဒေါက်…”
“ ပပ မ၀င်နဲ့ … အထဲမှာ လူဆိုးတွေ ရှိတယ်..” သူမ စိတ်ပူစွာတားဆီးပေမယ့် နောက်ကျသွားပြီ……
အထဲမှ တစ်စုံတစ်ယောက်က တံခါးလာဖွင့်ပေးသည်။
ပပက စိတ်တိုစွာ တံခါးကို ဆောင့်တွန်းရင်း…
“ဘယ်မှာလဲ မှတ်စုစာအုပ်..” ဒေါသတကြီးမေးသည်။
“ဒီမှာ…” ခပ်သြသြအသံတစ်ခု..
သူမ အရာရာကို ဘယ်လိုမှ နားမလည်တော့…. ပပနှင့် ထိုလူက ဘယ်လိုသိနေကြတာလဲ…
မှတ်စုစာအုပ်ဆိုတာကရော…

Friday, September 13, 2013

နံနက်ခင်းရဲ့ ဆောင်းရာသီ

နံနက်ခင်းရဲ့ ဆောင်းရာသီ

အခန်း (၁)

ဒီဇင်ဘာရဲ့ မနက်စောစောမှာ အပြေးလေ့ကျင့်ဖို. ကန်တော်ကြီးဘက်ကို Nil တစ်ယောက်တည်း ထွက်လာခဲ့တယ်။ ကန်တော်ကြီးရှေ.မှာ ယာဉ်မောင်း ဦးလေးက ကားရပ်ပေးပြီး၊ “မြန်မြန်ပြန်ခဲ့နော် သမီး၊ ဦးလေး လက်ဖက်ရည်ဆိုင်မှာ စောင့်နေမယ်” လို.ပြောတဲ့ အမှာစကားကို ဆုံးအောင်နားမထောင်ဘဲ အပြင်ဘက်ကိုခပ်သွက်သွက်အထွက် ခပ်ပါးပါးနှင်းငွေ.က သူမမျက်နှာကို ရိုက်ခတ်ကြိုဆိုရင်း မင်္ဂလာ နံနက်ခင်းပါလို. နှုတ်ဆက်တယ်။
“ဟား………” လက်နှစ်ဖက်ကို ဆန်.ပြီး လေကို တစ်ဝကြီးရှူသွင်းလိုက်ရင်း ကျေနပ်စွာပြုံးလိုက်တယ်။
အအေးဒဏ်ကို ကာကွယ်ဖို.အတွက် မီးခိုးရောင် အားကစားအကျီင်္ကို လည်ပင်းထိဇစ်ဆွဲပြီး သူမအပြေးလေ့ကျင့်နေကျ ကန်တော်ကြီးရဲ့ သစ်သားတံတားလေးဘက်ကို ထွက်လာခဲ့တယ်။
ကန်တော်ကြီးမှာတော့ ထုံးစံအတိုင်း ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းယူနေကြသူတွေနဲ့ နံနက်ခင်းရဲ့ ပန်ချီကားကို ချယ်မှုန်းနေပြီ။ သူမလဲ ထိုပန်းချီထဲက ဇာတ်ကောင်တစ်ကောင်ပေါ့။
ကွန်ကရစ်လမ်းမာမာပေါ်ကနေ ရုတ်တရက် သစ်သားကြမ်းခင်းထားတဲ့ တံတားပေါ်ပထမခြေလှမ်းက စတင်ချင်း ရင်ထဲမှာ သိမ့်ခနဲဖြစ်သွားရတဲ့ ခံစားချက်ကို ကျေနပ်စွာပြုံးရင်း သူမရဲ့ ခြေလှမ်းတွေကို ခပ်သွက်သွက်လှုပ်ရှားရင်း နံနက်ခင်းရဲ့ လေထုထဲကို တိုးဝင်လိုက်တယ်။
.
.
.
.
.
ခြေလှမ်းခပ်မှန်မှန်ပြေးရင်း မျက်လုံးတွေက ဆံပင်ရှည်ရှည်နဲ့ ကောင်မလေးတွေကို လိုက်လံငေးမောနေမိတာ…
ဆယ်ငါးမိနစ်လောက် ပြေးပြီးချိန်မှာတော့ သူမရဲ့ ဆံပင်ရှည်ရှည်နဲ့ အ၀ါရောင် နတ်သမီးလေးကို တွေ.ပါပြီ…..
မနက်တိုင်းရဲ့ ဘယ်တော့မှ မရိုးနိုင်တဲ့ ပန်းချီကားလေးထဲက နေ့စဉ်ဇာတ်ကောင်လေးသူမက တခြားသူတွေနဲ့ မတူစွာ တံတားကန်ပေါင်ကိုမှီရပ်ရင်း၊ အချိန်ကြာမြင့်စွာတွေးငေးနေတတ်တာ တစ်ရက် နှစ်ရက်မကတော့ဘူးပေါ့…..
သူမရဲ့ မျက်ဝန်းတွေမှာ အဆွေးရိပ်သန်းနေတတ်သလို၊ ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ ရေပြင်ကို နာရီပေါင်းများစွာငေးနေတတ်တဲ့ အလွမ်းမင်းသမီးလေးတစ်ပါး……
အပြေးခဏရပ်ကာ သူမနဲ့ မလှမ်းမကမ်းဘေးနေရာမှာ တံတားဘောင်ကို အားပြုရင်း Push Up လုပ်ဟန်ဆောင်ကာ ကန်ရေပြင်မှတဆင့် သူမရဲ့ မျက်နှာလေးကို ထုံးစံအတိုင်းခိုးကြည့်ဖြစ်သည်။ လှိုင်းဂယက်လေးတွေကြားမှာ သူမပုံရိပ်လေးက မတည်ငြိမ်စွာရှိနေတာကို ကြည့်ရင်း Nil ရဲ့ နှုတ်ခမ်းတွေက ခပ်မြူးမြူးပြုံးမိသည်။ ဘာလို.မှန်းမသိ ထိုအလွမ်းမင်းသမီးလေးက Nil ရဲ့ နေ့သစ်တိုင်းမှာ မပါမဖြစ် အာဟာရတစ်ခုလို လိုအပ်နေခဲ့မိတာ။ ကောင်မလေးအချင်းချင်း စိတ်ဝင်စားတတ်တယ်ဆိုတဲ့စိတ်က မသိစိတ်မှာ အလိုလိုငြိတွယ်တတ်လာခဲ့တာ သူမအပြစ်တော့မဟုတ်ဘူးထင်ပါတယ်။ သဘာဝကဖန်တီးလိုက်တဲ့ မတူညီတဲ့အရာတွေကြားက တစ်စုံတစ်ခုဘဲနေမှာပေါ့။
သူမက အရမ်းလှတဲ့ကောင်မလေးမဟုတ်ပါဘူး၊ ကဗျာလေးတစ်ပုဒ်လိုတော့ ချစ်စရာကောင်းတယ်။  ချစ်နေရတဲ့ သူအတွက်တော့ သူမရဲ့ အရာရာဟာ စွဲမက်စရာတွေပါဘဲ။

Thursday, July 25, 2013

အမည်မဲ့ - အပိုင်း ၃

(Ghost ဇာတ်ကားကို မှီငြမ်းပြီး ရေးထားတာဖြစ်ပါတယ်...း)

အခန်း 7


ပြည်သူ.ဆေးရုံကြီး…


“မဇင်မင်းသူ က ကွယ်လွန်သူ မခိုင်မွန် ရဲ့ အရင်းနှီးဆုံးမိတ်ဆွေနော်..”
“ဟုတ်ကဲ့..”
“တာဝန်အရ ကျွန်တော်တို. စစ်မေးစရာလေးတွေရှိလို. ဒီဘက်ခန်းခဏ လိုက်ခဲ့လို.ရမလား…”
ရဲဝတ်စုံနဲ့ အရာရှိတချို.က ဇင့်ကို တဘက်ခန်းသို.ခေါ်သွားကြသည်။
သူမကတော့ အ၀တ်အဖြူရောင်အုပ်ထားသော သူမရဲ့ သက်မဲ့ ခန္ဓာကိုယ်နဘေးမှာ ကျန်နေခဲ့သည်။
ခဏနေတော့ အပြာရောင်ဝတ်ထားသော ဆေးရုံဝန်ထမ်းအချို.က သူမရဲ့ သက်မဲ့ခန္ဓာကိုယ်တင်ထားသော တွန်းလှည်းအား လာရောက်ယူဆောင်သွားကြသည်။
“မယူသွားပါနဲ့…” သူမအော်ဟစ်တားဆီးပေမယ့်… အချည်းနှီးသာ…
သူမအော်သံကို မကြားနိုင်တော့…

ထိုစဉ်..


“အန်တီ… အန်တီ က သေသွားပြီနော်…”
အသက် ၃နှစ်အရွယ်.. ကလေးမလေးတစ်ယောက်..
“အန်တီလား… မင်းက ဘယ်သူလဲ..” သူမ ဇဝေဇ၀ါနှင့် ပြန်မေးမိတော့..
“သမီးလား.. သရဲပါ..”
“သရဲ..”
“မသိဘူးလား.. သေသွားတဲ့သူလေ.. အန်တီလဲ သေသွားပြီလေ.. သရဲဘဲပေါ့..”
“သရဲတဲ့လား…..”
ကလေးမက သူမအလောင်းကို သယ်ဆောင်သွားရာ အခန်းဆီ ခန္ဓာကိုယ်တစ်ပိုင်း ၀င်ကြည့်ကာ …
“ခေါင်းမှာ ထိခိုက်မိတာဘဲ…”
“အဲဒါ ဘယ်လိုလုပ်လိုက်တာလဲ..” ခိုင်တော်တော် အံ့သြသွားသည်။ ထိုကလေးမက တံခါးကို ဖောက်ထွင်းကြည့်ရှုနိုင်တယ်ဆိုတော့…
“ဒါက လွယ်လွယ်လေးပါ.. တခြား.. ဒီလိုမျိုးလဲ လုပ်နိုင်တယ်..” ဟုဆိုကာ မျက်နှာကြက်မှ မီးချောင်းကို လက်ညှိုးနှင့်ထိုးကာ မီးကို ပိတ်လိုက်ဖွင့်လိုက်ဖြစ်အောင်လုပ်ပြသည်။
“ဒီလိုလဲ လုပ်နိုင်သေးတယ်..” ဆိုပြီး အနားရှိ ဆေးတင်ထားသော သံတွန်းလှည်းလေးကို လက်နှင့် ဆောင့်တွန်းပြသည်။
သူနာပြုဆရာမလေးတစ်ယောက် ရောက်လာကာ ကြောက်ကြောက်လန့်လန့်နှင့် တွန်းလှည်းကို အမြန်လာသိမ်းသွားသည်။
သူမ တအံ့တသြနဲ့ ငေးကြောင်နေစဉ်..
“ဟာ… ပန်းချီသင်ပေးတဲ့ အန်တီ…”
ကလေးမ ညွှန်ပြရာ ကြည့်မိတော့… “ဇင်..”
ဇင့်ကို ပြေးအဖက်…
သူမမှာ ခန္ဓာကိုယ်မရှိတော့တာ မေ့နေခဲ့သည်… သူမ၀ိဥာဉ်က ဇင့် ခန္ဓာကိုယ်ကို ဖောက်ထွက်ပြီး တစ်ဘက်သို.ရောက်သွားသည်… သူမအနေနှင့် ဇင့်ရဲ့ နွေးထွေးတဲ့ ခန္ဓာကိုယ်ကို ထိကိုင်နိုင်စွမ်းမရှိတော့ပြီ…
.
.

Wednesday, June 26, 2013

အမည်မဲ့ - အပိုင်း (၂)

အခန်း (၆)

၁၀လခန်.ကြာသောအခါ……..

ဇင်……
“စက်ဝိုင်းကြီးကြီးလေးကို ၀ိုင်းအောင်ဆွဲ… အထဲမှာ နဲနဲသေးတာလေး ထပ်ဆွဲ… အထဲက စက်ဝိုင်းလေးရဲ့ အောက်နားမှာ ဘဲဥပုံလေးထပ်ဆွဲ.. အဲ အဲ… ဟုတ်ပြီ..  ဒုတိယစက်ဝိုင်းလေးရဲ့ အပေါ်မှာ အစက်မည်းမည်းလေး ၂စက်ကို ဒီလိုလေးထည့်… စက်ဝိုင်းအကြီးရဲ့ အပေါ်အပြင်နားမှာ အမြီးကွေးကွေးလေးဆွဲပြီး၊ အောက်မှာ ခြေထောက်သေးသေးလေး၂ချောင်းကိုဆွဲ…”
အသက်၆နှစ်အရွယ် ကင်ဆာရောဂါသည်ကလေးမလေးကို ရင်ခွင်ထဲထည့်ထားပြီး ပုံဆွဲသင်ပေးနေချင်းဖြစ်သည်။
“၀က်ကလေးဖြစ်သွားပြီ..” စကားမပီကလာလေးနှင့် အားယူကာ သူမကိုမော့ကြည့်ရင်း ပျော်ရွှင်စွာပြောသည်။
အနားမှာ ၀ိုင်းကြည့်နေသော ကလေးတွေကလဲ…
“ဟုတ်တယ်.. ၀က်ကလေး၊ ၀က်ကလေး…” ဟု လက်ညှိုးထိုးရင်း ပျော်ရွှင်စွာ အော်ကြသည်။
သူတို.ရှေ.မှာ ချထားသော ပုံဆွဲစက္ကူအဖြူလေးတွေပေါ်မှာ ပျော်ရွှင်စွာ စက်ဝိုင်းလေးတွေဝိုင်းအောင်ဆွဲရင်း၊ သူ.၀က်ကလေးက ပိုလှတယ်၊ ကိုယ့်ဝက်လေးက ပိုလှတယ်နှင့် ကလေးသဘာဝ ငြင်းခုန်နေကြသည်။
ရင်ခွင်ထဲမှ ကလေးငယ်လေးကို သူမရဲ့ ကုတင်လေးပေါ်မှာ ပြန်တင်ပေးရင်း… သက်ပြင်းအသာခိုးချကာ သူမတို. ငြင်းခုန်နေကြတုန်း အခန်းထဲမှ တိတ်တိတ်လေးထွက်လာခဲ့သည်။
ကလေးသဘာဝပျော်ချင်ကစားချင်တဲ့အရွယ်လေးတွေပေမယ့် လူမဆန်စွာ တွယ်ကပ်ဖိစီးနေကြတဲ့ ကြောက်စရာရောဂါဆိုးကြီးတွေကြောင့် သူတို.လေးတွေရဲ့ ဘ၀တွေက မရေမရာ ချိနဲ့ခက်ခဲစွာ အသက်ရှင်နေကြရသူတွေ…
မိနစ်ပိုင်း၊ စက္ကန်.ပိုင်းလေးဘဲဖြစ်ဖြစ် ရောဂါဆိုးကို မေ့လိုမေ့ငြား၊ သူမတတ်တဲ့ ပန်းချီပညာနဲ့ ကလေးတွေကို ပျော်ရွှင်အောင်လုပ်ပေးနေခဲ့မိတာ သူမရဲ့ စေတနာသတ်သတ်ရယ်ပါ……
ခဏနေတော့ ကော်ဖီဖျော်ကာယူလာပေးသော သူနာပြုဆရာမလေးက… “ကျေးဇူးပါ ဇင်ရယ်..  ဇင်လာတဲ့နေ့ကျမှဘဲ သူတို.လေးတွေ ကောင်းကောင်းအိပ်တာ… ဇင်မလာရှုလဲ အရမ်းမျှော်ကြတာလေ…”
ခေါင်းငြိမ့်ကာ အသာပြုံးပြရင်း၊ သူမပေးသော ကော်ဖီကို ယူသောက်ဖြစ်သည်။
စိတ်ထဲမှာတော့ မနက်ဖန် မလာနိုင်ရင် ကလေးတွေ မျှော်နေမှာကို စိုးရိမ်ပူပန်မိရင်း….
.
.
.

Tuesday, June 25, 2013

အမည်မဲ့ - အပိုင်း (၁)

တီတီတီတီ….

မနက် ၇း၀၀နာရီမြည်လာတဲ့ ဖုန်းက နှိုးစက်ကိုပိတ်ဖို.၊ မျက်စိကိုမဖွင့်ဘဲ ခေါင်းအုံးအောက်သို. ထုံးစံအတိုင်း လက်နှိုက်စမ်းလိုက်သည်။
“အင်…”
ခေါင်းအုံးအောက်မှာ ထားနေကျ လက်ကိုင်ဖုန်းက မရှိ…
မျက်စိကို မဖွင့်ဘဲ ရှာနေတုန်း…
“………………… …”
နံဘေးမှ တစ်စုံတစ်ယောက်က ဖုန်းက နှိုးစက်ကို ထပိတ်လိုက်ပုံရသည်။
ဒါပထမနှိုးစက်ဆိုတော့ နောက်ထပ် ၁၅မိနစ်လောက်တော့ ထပ်မှေးလို.ရသေးသည်ဟုတွေးရင်း…
ဒါပေမယ့်…
အတွေးမဆုံးသေး….
သူမမျက်လုံးတွေ အကျယ်ဆုံးဖြစ်အောင် ပြူးကြည့်လိုက်ချိန်မှာတော့….
“Ahhhhhhhhhhhhhhhhhhhhhhh..”
.
.
.
သူမဘေးမှာ အိပ်နေတာ ယောကျာ်းတစ်ယောက်…
“နေဦး…..”
ပြီးတော့…
သူမ မသိသော သူစိမ်းတစ်ယောက်ရဲ့ အိပ်ခန်းထဲမှာ…
ပြီးတော့…..
ထိုသူစိမ်းယောကျာ်းရဲ့ လက်ထဲမှာ သူမရဲ့ လက်ကိုင်ဖုန်း….
ပြီးတော့….
“ဖျန်း…”
ဘာကိုမှ တွေးမနေတော့ဘဲ ထိုလူ.လက်ထဲမှ ဖုန်းကိုလုယူရင်း၊ ပါးတစ်ချက် ခပ်သွက်သွက်ချခဲ့သည်။
“လူယုတ်မာ…”
တစ်စက္ကန်.တောင်မနေချင်လောက်အောင် ထိုအိပ်ခန်းနှင့် ဝေးရာဆီသို.   ……….
.
.
.
.

Sunday, June 23, 2013

Burmese Tomboys & Lesbian များရဲ့အလှူ

ကျွန်တော်တို.က လူတစ်ယောက်စီအဖြစ်မွေးဖွားလာပေမယ့် လူ.ပတ်ဝန်းကျင်မှာ ပုံမှန်မဟုတ်သူများလို. တံဆိပ်ကပ်ခံခဲ့ရသူတွေပါ။
မိန်းကလေးက ယောက်ျားလေးစိတ်ပေါက်တာ၊ မိန်းကလေးအချင်းချင်း စိတ်ဝင်စားတတ်တာကို ပတ်ဝန်းကျင်ရဲ့ အချို.သောသူတွေက မသိချင်ယောင်ဆောင် လက်ခံပေးခဲ့ကြပေမယ့်၊ အများစုကတော့ အခြောက်မ၊ ယောကျာ်းရှာမ၊ ဘောပြား အစရှိတဲ့ မတူမတန် အဖတ်လုပ်မခံရလောက်အောင် နှိမ်ခဲ့ကြပါတယ်။
ဟုတ်ကဲ့ .. ကျွန်တော်တို.က လူသားအဖြစ်မွေးဖွားလာတာပါ။ ယောကျာ်း၊ မိန်းမ တံဆိပ်ကပ်ဖို. မွေးလာတာမဟုတ်ပါဘူး။ ဒီတော့ ကိုယ်ယုံကြည်ရာလမ်းကို လျောက်ရင်း၊ ဘ၀တူတွေဆုံဖြစ်ကြတယ်။ ကျွန်တော်တို. အားလုံး လေးစားချစ်ခင်တဲ့ ကိုချိုကိုနိုင်က ဦးစီးပြီး၊ Burmese Tomboys & Lesbian ဆိုတဲ့ Official Facebook Page လေးတစ်ခုကို မြန်မာနိုင်ငံက အမျိုးသမီးချင်း လိင်တူချစ်သူတွေ အတွက် ဖွင့်ထားခဲ့တယ်။ ဒီ Page လေးမှာ ကျွန်တော်တို. ခံစားချက်တွေ ရင်ဖွင့်ကြတယ်၊ နားလည်မှုတွေ တည်ဆောက်ကြတယ်၊ သတင်းလေးတွေ ဖလှယ်ကြတယ်။ လူသားတွေပီသစွာဘဲ ကိုယ်ကျိုးတင်မကဘဲ၊ ကိုယ့်ရပ်ကိုယ့်ရွာအတွက် အုတ်တစ်ချပ်သဲတစ်ပွင့်အနေနဲ့ ပါဝင်ချင်လာကြတယ်။
ကျွန်တော်တို.အဖွဲ.ထဲမှာ အများအားဖြင့် ပါဝင်ကြတာ ကျောင်းသား၊ ကျောင်းသူ အရွယ်လူငယ်လေးတွေပါ။ ဒါပေမယ့် သူတို.အသက်တွေငယ်ပေမယ့်၊ စေတနာ သဒ္ဒါတရားနဲ့ တာဝန်ယူချင်စိတ်တွေ မငယ်ခဲ့ကြဘူး။

Saturday, June 1, 2013

Flame of Love - Chapter 17 & 18 (Final)

Chapter – 17


ယုငယ်….

မျက်လုံးထဲမှ တလိမ့်လိမ့်ကျဆင်းနေတဲ့ မျက်ရည်တွေကို ခပ်ကြမ်းကြမ်းသုတ်ရင်း၊ ကားကို တရကြမ်းမောင်းနေမိသည်..

ရင်ထဲမှာ ဘာမှ မသိတော့….

မိုးနဲ့ ဝေးရပြီဆိုတဲ့ အသိထက် သစ္စာဖောက်ခံရပြီဆိုတဲ့ အသိက သူမရင်ကို မီးစနဲ့ ထိုးထားသလို…

“Oh Oh~~ Kiss me .. Oh Kiss me…”
မိုးနဲ့ဆင်တူထည့်ထားတဲ့ ဖုန်း Ring သံက သူမရဲ့ ခံစားချက်ကို ပိုမိုပြင်းထန်လာစေသလို…
“တောက်…”
ဖုန်းသံက မကိုင်မချင်း တောက်လျောက်မြည်နေသည်… သစ္စာဖောက်မဆီက ဖုန်းဆိုတဲ့ အသိက သူမရင်ကို ခါးသီးလွန်းသည်..

.
.
.

Friday, May 31, 2013

Flame of Love - Chapter 16

Chapter – 16

ခိုင်…

နှာဝဆီသို. တိုးဝှေ.၀င်လာသော ညှော်နံ.က အိပ်ရာထဲမှ မထချင်ပေမယ့်၊ အစာအိမ်ရဲ့ တောင်းဆိုမှုကြောင့် နိုးထလာခဲ့ရသည်။

မျက်လုံးဖွင့်ဖွင့်ချင်း လက်နှစ်ဖက်ကို ခေါင်းရင်းဘက်ဆွဲဆန်.ပြီး၊ အပျင်းကြော ခဏဖြေလျော့ကာ ငုသွယ်ဘာချက်လဲ စဉ်းစားနေမိသည်။ သူမရဲ့ အိမ်ခန်းလေးမှာ အိမ်ရှင်မလေးရှိနေခဲ့ပြီဆိုတဲ့ အသိက သူမကို နွေးထွေးစေသည်။

ကုတင်နဘေး စားပွဲတင် ဓာတ်ပုံကလေးကို ငေးကြည့်မိတော့ မျိုးက အေးအေးချမ်းချမ်းလေး ပြုံးပြနေသည်။
ရင်ထဲတစ်ချက်ကျင်ခနဲ ဖြစ်သွားပေမယ့်၊ အတိတ်နဲ့ ပစ္စုပ္ပန်ကြားမှာ ပစ္စုပ္ပန်ဘက်သို. လူကိုယ်တိုင်ရော နှလုံးသားပါ အားပါနေခဲ့ပြီလေ။ ဒါပေမယ့်….

ခေါင်းကို တစ်ချက်ခါယမ်းရင်း၊ မီးဖိုချောင်ဘက်သို.ထွက်လာခဲ့သည်။

Friday, May 24, 2013

Flame of Love - Chapter 15


Female Toilet လို.ဆိုင်းဘုတ်ချိတ်ထားတဲ့ အခန်းကိုတွန်းဖွင့်လိုက်တော့ အထဲမှာ လူရှင်းနေသည်။ မိုးကို တော့မတွေ.၊ ကြည့်ရတာ toilet ထဲမှာ မရှိတော့ဘူးထင်သည်။
Toilet cubical ခန်းတစ်ခုထဲ မိန်းမနှစ်ဦးရဲ့ အသက်ရှူသံခပ်ပြင်းပြင်းနဲ့ ညည်းညူသံအချို.က ခံစားချက်ရဲ့ အထွတ်အထိပ်ကိုရောက်နေကြပုံဘဲ။
ယုငယ် အနည်းငယ်ပြုံးရင်း၊ Toilet ထဲမှ စုံတွဲကို မနှောင့်ယှက်ဖို.ဆုံးဖြတ်လိုက်သည်။
 “Hmmmmm…. “
Toilet ထဲမှ ထွက်ဖို.အလုပ်….
မိုး……………

Flame of Love - Chapter 14


ယုငယ်…
.
.
ကားသော့ကို သော့ပေါက်ထဲထည့်ကာ စက်နှိုးရင်း၊ ချစ်သူကို သွားတွေ.ဖို. ဆုံးဖြတ်လိုက်သည်။ သူမအလုပ်လုပ်တဲ့ Bar ကို မရောက်တာလဲကြာပြီ၊ အလုပ်ထဲမှာ နည်းနည်းပင်ပန်းလာတော့ ယမကာတစ်ခုခုသောက်ရင်း အလုပ်ရှုပ်နေတဲ့ ချစ်သူကို သွားကြည့်ကာ စိတ်အပန်းဖြေမယ်ဟု စဉ်းစားလိုက်သည်။
စိုးနွယ်က အိမ်ပြင်တာပြီးပြီ၊ ပြန်လာတော့တဲ့။ ဖြစ်နိုင်ရင် မိုးနဲ့ဘဲ တစ်သက်လုံးတူတူနေလိုက်ချင်တာ။ သူမရဲ့အချစ်တွေက မိုးပေါ်မှာ ပိုပိုတိုးလာခဲ့ပြီး၊ အချိန်တိုင်း မျက်စိအောက်က မပျောက်နိုင်အောင်ရှိနေခဲ့တာ။
ကားကို ကျင်လည်စွာမောင်းရင်း အတွေးတွေမှာတော့ သူမနဲ့ မိုးရဲ့ အတိတ်၊ ပစ္စုပန်နှင့် အနာဂတ်အကြောင်းတွေ တောင်စဉ်းရေရာမက တွေးတောလို.
ကားထဲမှာ ဖွင့်ထားသည့် ဘန်နီဖြိုးရဲ့ တစ်ကိုယ်တော် Valentine က သူမနဲ့ ဘာမှမသက်ဆိုင်သလိုပင်..
ဟုတ်တယ်လေ.. သူမရဲ့ Valentine လေးမိုးက နံဘေးမှာ တူတူရှိနေခဲ့တာ …
.
.

Flame of Love - Chapter 13


Chapter – 13

“Ting Tong~~” လူခေါ်ခေါင်းလောင်းတီးသံကြားသည်နှင့်…
တံခါးနားမှာ အဆင်သင့်ရပ်စောင့်နေသော ခိုင်တစ်ယောက် တံခါးချက်ချင်းဖွင့်ကာ “မင်္ဂလာပါ”
အိုး…..
Snow White လေးရဲ့ မျက်နှာလေးက နွမ်းဖတ်လို.
ဆေးရုံကဆင်းလာပေမယ့် သူမမျက်နှာလေးက အရမ်းကြီးနေကောင်းသေးပုံမပေါ်
မထိရက် မကိုင်ရက်လောက်အောင် နုဖတ်နေသော ကောင်မလေးကို အသာလက်ဆွဲခေါ်ရင်း..
“ငုသွယ်..  မောလာတာလား၊ ခိုင့်အိမ်က အထပ်မြင့်လို.နေမှာ၊ အအေးသောက်မလား၊ အခန်းထဲသွားနားချင်လား” မေးခွန်းတွေ တရစပ်မေးရင်း သူမကို ဧည့်ခန်းထဲက ဆိုဖာပေါ်မှာနားစေသည်။
“ခိုင်… ပစ္စည်းနဲနဲကူသယ်ပေးလို.ရမလား” ပစ္စည်းတွေမနိုင်မနင်းနှင့် သယ်ထားရသော စိုးနွယ်မေးတော့မှ ခိုင်တစ်ယောက် သတိဝင်ကာ…
“အာ.. ဟုတ်ကဲ့.. “ ပြာပြာသလဲ စိုးနွယ်ဆီပြေးကာ ပစ္စည်းတွေ နေရာဝိုင်းချပေးသည်။
.
.
“ကဲ.. ပစ္စည်းတွေလဲ နေရာချပြီးပြီ၊ ခိုင် ပြင်ဆင်ပေးထားတာတွေလဲ လိုလေးသေးမရှိဘဲ၊ မကြီး အဆင်ပြေမှာပါ။ နွယ်လဲသွားတော့မယ်၊ မကြီး လိုအပ်တာရှိရင် ဖုန်းခေါ်လိုက်နော်” စိုးနွယ်က အစ်မဖြစ်သူကို နှုတ်ဆက်ရင်း သွားဖို.ပြင်သည်။
“ခိုင် အားလုံးအတွက် ကျေးဇူးပါ။ ခိုင်နဲ့နေရတာ မကြီးပျော်မှာသေချာပါတယ်။” ခိုင့်ကိုလဲ နှုတ်ဆက်သည်။
“ငုသွယ်အတွက် စိတ်ချပါ။” ခိုင်က ပြန်ဖြေရင်း၊ စိုးနွယ်ကို တံခါးဝ လိုက်ပို.သည်။
.
.

Friday, May 3, 2013

Forbidden Love (စ-ဆုံး)


နတ်ဆိုးတွေ အုပ်ချုပ်တဲ့ Vampire တွေ၊ ၀ိဥာဉ်၊ မှင်စာတွေနဲ့ ကျိန်စာသင့်နေတဲ့ တိုင်းပြည်တစ်ခု…..

ထိုတိုင်းပြည်မှာ ရှင်သန်နေရသော မိန်းမတိုင်းရဲ့ လိုအပ်ချက်တစ်ခုက၊ ညစဉ်ညတိုင်း ယောကျာ်းတွေ အိပ်ပျော်နေချိန် သူတို.ရဲ့ အိပ်မက်ထဲမှာ ချစ်ရည်လူးပြီး သူမတို.ရဲ့ သက်တမ်းကိုဆက်ရတယ်….

ထိုကျိန်စာကို ပြီးပြည့်စုံအောင် မဖန်တီးနိုင်ခဲ့ရင် … သေခြင်းကလွဲလို. ရွေးချယ်စရာမရှိသူတွေ….

.
.
.

ဆိုးလ် …..


နတ်ဆိုးတိုင်းပြည်ရဲ့ မင်းသမီးလေး….
သူမရဲ့ လှပတဲ့မျက်ဝန်း၊ နူးညံ့တဲ့ နှုတ်ခမ်းအစုံ၊ ရင်သက်ရှုမောဖွယ် သဲနာရီတစ်လုံးလို အနာအဆာမရှိတဲ့ ကောက်ကြောင်းတွေက နတ်ဆိုးတိုင်းပြည်က ပုရိသတွေအတွက် အိပ်ငွေ.ချစရာမလိုလှအောင် သူမနဲ့ လက်ဆက်ချင်နေသူတွေအပြည့်…
.
.

ကျိန်စာတွေပြည့်နေတဲ့ တိုင်းပြည်ရဲ့ နတ်ဆိုးမလေးအတွက်တော့ .. သူမအတွက် သီးသန်.ကျိန်စာက..
၁) အိပ်မက်ခိုးယူရမယ့်သူက လူသားစင်စစ်ဖြစ်ရမည်
၂) ထိုယစ်ပူဇော်ခံရမည့်လူသားသည် ယောကျာ်းစင်စစ်ဖြစ်ရမည်
ထိုအချက်၂ချက်ကိုပြည့်စုံအောင် မဖန်တီးနိုင်ခဲ့ရင် သူမအတွက် သေလမ်းသတ်သတ်သာ…
.
.

ညအချိန်ရောက်ပြီ…

သူမတို.အတွက် ယစ်ပူဇော်ပြီး ကျိန်စာတွေကို ပေးဆပ်ဖို. မဲကောင်တွေလိုက်ရှာရတော့မယ်…

Monday, April 8, 2013

မနက်ဖန် (၉.၄.၂၀၁၂) ကနေ (၂၉.၄.၂၀၁၂) ထိ ရန်ကုန်သင်္ကြန်ပြန်ကဲမှာမို.လို.
ဒီရက်တွေအတွင်း စာအသစ်ရေးဖြစ်မှာ မဟုတ်သေးပါဘူး..
လာလည်ကြသူအားလုံးကို ကျေးဇူးတင်ပါတယ်..း)

Tommy

Wednesday, April 3, 2013

Flame of Love - Chapter 12



Chapter – 12


ခိုင်

အိမ်ကိုရောက်တော့ လက်ထဲကပါလာတဲ့ ငုသွယ်ရဲ့ ပစ္စည်းတွေကို ကြမ်းပေါ်ခဏချရင်း၊ သူမကိုယ်တိုင်ပါ ကြမ်းပြင်ပေါ်ကို အားအင်ချိနဲ့စွာ လှဲလျောင်းမိတယ်။
မနက်ဖန်ဆိုရင် ခိုင်တစ်ယောက်တည်း နေခဲ့တဲ့ အထီးကျန်တဲ့ ဒီအိမ်ခန်းထဲကို ငုသွယ်ဆိုတဲ့ ဧည့်သည်လေးတစ်ယောက်လာမယ်တဲ့။
လူပိုတစ်ယောက်ရောက်လာပြီဆိုတော့ မျိုးနေတတ်ပါ့မလား။
မျိုး…

ဟုတ်တယ်.. မျိုးကို သူမ မေ့နေခဲ့တာဘဲ..
ကြမ်းပြင်ပေါ်လှဲနေရာမှ ရုတ်တရက် မြန်မြန်ထကာ အိပ်ခန်းထဲသို့ပြေးပြီး မျိုးရဲ့ဓာတ်ပုံလေးရှေ.မှာ ဒူးထောက်ရင်း …….
ခိုင့်ရဲ့နံဘေးမှာ အရိပ်လိုအမြဲရှိနေတတ်တဲ့ ချစ်သူ..
အရာရာကို အနွံတာခံပြီး၊ ခိုင် ဆိုးသမျှကို အကြင်နာအပြုံးတွေနဲ့ ချစ်ပေးခဲ့သူ…
အရမ်းချစ်ပါတယ်ဆိုတဲ့ ခိုင့်ကိုထားသွားခဲ့တာ…
ခုတော့ ခိုင်အရမ်းအထီးကျန်နေတယ် မျိုးရယ်..
မျိုးကို အရမ်းလွမ်းတယ်..